Now Playing Tracks

နှာခေါင်းသွေးထွက်

ညဥ့်တစ်နက်
လေက တဟက်ဟက်
စကားတပျက်
ဟာသတဝက်
အခေါ်အဝေါ်နက်နက်
နေ့စဉ်ရက်ဆက်
အမြင်မရှက်
ပြုမှုကတ်ကတ်
အဖော်လိုမက်
ငြင်းဖို့မတတ်
ပြောင်းလဲသူအတွက်
တန်ဖိုးကျချက်
အတွေးတခက်
ခံစားချက်ညက်ညက်
မျှားတံထက်ထက်
ရင်ကိုနှက်
ကိုယ်တဆတ်ဆတ်
သွေးကဗွက်ဗွက်
အသံအက်အက်
ဆုံးဖြတ်ချက် - နတ္တိ yet

တိမ်မိုးလွင်
၁.၁၂.၂၀၁၁

ရန်သူ နှစ်ယောက်

ရန်သူနှစ်ယောက်ပေမယ့် အမြဲတူတူ ရှိနေတယ်။
ရန်သူနှစ်ဦးပေမယ့် အမြဲတူတူ ပေါင်းလုပ်တယ်။
ရန်သူတွေ ဆိုတဲ့အတိုင်း အမြဲ ရန်ဖြစ်ကြတယ်………….

တစ်ယောက်နဲ့ တစ်ယောက် သဘာဝခြင်းမတူဘူး
တစ်ယောက်နဲ့ တစ်ယောက် အလုပ်လုပ်ပုံ ခြားနားတယ်
တစ်ယောက်နဲ့ တစ်ယောက်က မောင်နှမ နှစ်ယောက်………….

မောင်နှမ နှစ်ယေက်
တစ်ယောက်က အစ်ကို တစ်ယောက်က ညီမ
တစ်ယောက်က ခက်ထန်တယ် တစ်ယောက်က နူးညံ့တယ်။
တစ်ယောက်က လုပ်သင့်တာကိုလုပ်ရင်
နောက်တစ်ယောက်က လုပ်ချင်တာကို……………

အင်အားခြင်း မတူသလို
အချိန်နဲ့အလိုက် အင်အားတွေလည်း ပြောင်းလဲတယ်…………

တစ်ယောက်နိုင်ရင် တစ်ယောက်ရှုံးတယ်
တချို့သူတွေ တစ်ယောက်ကိုအားပေးတယ်
တချို့ကတော့ နောက်တစ်ယောက်ကို…………

အစ်ကို့ကို အားပေးလွန်းရင်လည်း မှားတတ်သလို
ညီမကို အားပေးတာများလည်း မှားတတ်တယ်
သူတို့နှစ်ယောက်ကို ဆုံးဖြတ်ပေးမယ့်
ခုံရုံးလိုနေတာတော့ အမှန်ပဲ…………

သူတို့ရန်ပွဲတွေ တစ်ကမ္ဘာလုံးမှာရှိတယ်
သူတို့ရန်ပွဲတွေ နေရာတိုင်းမှာဖြစ်တယ်
သူတို့ရန်ပွဲတွေ အချိန်တိုင်း ဖြစ်ပျက်နေတယ်…………

အစ်ကို့ အတွေးနဲ့ ညီမ ခံစားချက်တွေ ညှိနှိုင်းပြီး
အစ်ကို့ ဦးနှောက်နဲ့ ညီမ နှလုံးသား အလုပ်တူတူလုပ်ကာ
ပြသနာတွေမှာ တယောက်ကိုတယောက် ဖေးမပြီး အမှန်မြင်နိုင်ကြပါစေ……..

တိမ်မိုးလွင်
၂၃.၁၁.၁၁

တို့တွေ ငှက်တွေလို ပျံဖို့၊ ငါးတွေလို ရေကူးဖို့ လေ့လာခဲ့ကြတယ်။ ဒါပေမယ့် အဓိကကျတဲ့ အရာတခုကိုမေ့နေကြတယ်။ လူလိုအသက်ရှင်ဖို့ ….

We learned to fly like a bird, swim like a fish. But we forgot a simple basic thing. To live like a human being ….


“ Kuşlar Gibi Uçmayı, Balıklar Gibi Yüzmeyi Öğrendik, Fakat Bu Arada Çok Basit Bir Sanatı Unuttuk. İnsan Gibi Yaşamak… ”
  • Track Name

    A Kyint Soe

  • Album

    Na Ga Ni

  • Artist

    Than Myat Soe

အကျင့်ဆိုး (ရေး- ရွှေတိုင်ညွှန့်၊ ဆို- သန်းမြတ်စိုး)

အလုပ်လုပ်ရာဝယ် အစက သာရယ်
အဆုံးထိအောင်ပင် မကြံချင်တယ်
အာလျော့တာရယ် ပေါ့လျော့တာရယ်
အဲ့ဒါ အကျင့်ဆိုးတယ်။

တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို
အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်
နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေ ကုန်ခဲ့တယ်
ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့၊ သံသရာ ရှည်လာတယ်
မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ်
ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်

Cho:
(ငယ်သူဟာ နည်းလမ်းမှားကာ၊ အကြီးအကဲများကို မရိုသေတယ်
ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ်
သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ်၊ ကောက်ကျစ်တတ်တယ့် ဝါသနာရယ်
ဂုဏ်ပါဝါမိုးလောက်မကရင်၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ်

သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်
အာကျယ်တာတွေရယ်၊ စည်ပင်တိုးစေ အမျိုးမတိမ်ဖွယ်
ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။ )

အလိုက်မသိတာတွေရယ်
ကိုယ်အဖို့တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါရယ်
ဒီညဉ်မျိုး အလွန်ဆိုးတယ်
ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည်
ဆရာ့ကိုလည်း ပစ်ခါပယ်၊
ဒီညဉ်မျိုး အလွန်ဆိုးတယ်။

ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊
မြန်မာနိုင်ငံကြီးကို တကယ်၊
ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ
ဒီသီချင်းတေးနဲ့  မနှေးပဲ ပြုပြင်မယ်။ Cho:

To Tumblr, Love Pixel Union